pakhahou

Tuesday, 3 June 2014

ဓမ္မပမာဏ

ကဗျာဟူသည် ရှေးပညာရှိ ကဝိစာဆို ဆရာတော်ဘုရားကြီးများ၏ ကိုယ်ပိုင်ဥစ္စာဟု ဖတ်မှတ်ဖူးပါသည်။
သို့ ဖြစ်ပါ၍ အောက်ပါ စာစုအား ကဗျာအမျိုးအစား တစ်ခုနေဖြင့် မဟုတ်ဘဲ မြန်မာစာရှည် အရေးအသား မကျွမ်းကျင် မပိုင်နိုင်ပါသောကြောင့် စာလုံးတိုဖြင့် ရေးထားမိခြင်းသာ ဖြစ်ပါကြောင်းနှင့် ဖတ်လိုသူများ ဖတ်နိုင်ပြီး၊ မဖတ်လိုသူများ လစ်လျူရှုပေးစေလိုပါကြောင်း မေတ္တာဖြင့် တင်သွင်းမိပါသည်။

ဓမ္မပမာဏ

တရားမမြင် ၊ဘုရားထင်ခက်
ယှဉ်နှင်တွဲသွား ၊ပျော်ပွဲစားယောင်
လွဲမှားဆောင်ကြ ၊ထိုနောင်တများ
ခုမှမနှိုး ၊ဘယ်မှာနိုးလိမ့်
အကျိုးမျှော်မှား ၊အပါယ်လားတည့်။ ။
မိရိုးဖလာ ၊ကိုး၍သာသည်
ဘယ်ခါဥာဏ်တွင်း ၊အာရုံသွင်းလျက်
ဘယ်ဆင်းဘယ်ပုံ ၊တရားဂုဏ်အား
သိရုံသာလုပ် ၊ကြိုးမကုပ်က
ဆိုးရုပ်သဏ္ဌာန် ၊တိရိစ္ဆာန်နှင့်
လွဲဟန်မခြား ၊“ကျိုးတရား”တည်း။ ။
သဒ္ဓါပြတ်သား ၊လွန်စိတ်ထားလျက်
ကျက်စားအမှန် ၊ရုပ်နှင့်နာမ်ကား
ဧကန်မုချ ၊မဟုတ်ရ“ငါ”
ထုတ်ပြရာခက် ၊သဘောဓာတ်ဟု
ဖြတ်တတ်စည်ကြံ ၊ရည်၍ပန်သည်
နိဗ္ဗာန်ရောက်လား ၊“ကြောင်းတရား”တည်း။ ။

No comments:

Post a Comment