သူ့ အဝိဇ္ဇာထက် ငါ့ အဝိဇ္ဇာ
ပိုကြီးနေသလား???
လိုက်၍ ရှာနေကြပါတယ်…
ရှာနေတာက အလိုရှိသော
ဆန္ဒရှိသောကြောင့် ဖြစ်ပါတယ်…
တနည်း မရှိတာထက် မသိတာခက်….
မသိတာထက် မသိချင်တာ ပိုခက်တယ်ဆိုတဲ့အတိုင်း …
အားလုံး သိချင်နေလို
့လိုက်ရှာနေကြတယ် မြင်ပါတယ်…
ဘုရားဟောကလည်း သိပ်ပြီး နက်နဲ
ကျယ်ပြန့်လွန်းလှပါတယ်…
လိုရင်းကတော့ တစ်ခုတည်း…
ဝိမုတ္တိရသ… လွတ်မြောက်ခြင်းဖြစ်ပါတယ်…
အလွယ်ပြောတော့ ခပ်သိမ်းသော
ဆင်းရဲမှုတွေ အားလုံးက ကျွတ်လွတ်ရခြင်းလို့ ကောက်ပါမယ်…
ဒီတော့ နိဒါန်းကို
အတိုချုပ်ရင် ဘုရားရှင်ကို ဧကန်အမှန် စင်စစ် မျက်မြင်ဒိဠ ဖူးတွေ့ ကြရဖို့ ဆိုတာ
အင်မတန်မှ ခက်လှတယ် ပြောလိုပါတယ်…
သာသနာဆိုတာ မဂ်ဖိုလ်အဆုံးအမသာ
ဖြစ်ပါတယ်
ဘုရားပေါင်း ၈၄ဝဝဝ ထဲက
တစ်ပါးပါး ဖူးမြင်ခွင့်ရရင် ကိစ္စပြီးပါတယ်…
ကိစ္စပြီးတယ်ဆိုတာ
ဘုရားစစ် တရားစစ် သံဃာစစ်ကို သိအပ်မှု ကုန်စင်အောင် သိနိုင်တယ် ဆိုလိုပါတယ်…
ယနေ့ ယခု ထိုထို
ဆိုဒ်များထဲကနေ တရားဓမ္မတွေ မျှကြတာ ရှိကြတယ်…
ဆရာတော်များ မိန်
့ဆိုမှုများကို ပြန်လည် ဝေငှကြတာရှိသလို ကိုယ်ပိုင်အသိနဲ့ အများသူငှာ
သိပါစေဆိုပြီး စေတနာထား မျှကြတာလဲ ရှိပါလိမ့်မယ်…
သံဃာတော်များလဲ ဆထက်ပိုပြီး
သာသနာ့ဝန်ထမ်းလို့ နေရာ နေ့ ရက်မလပ် ဟောကြ ပြောကြ ဆုံးမကြတယ်…
တရားပြဆရာများစွာလဲ နည်းများ
စုံလင်စွာနဲ့ သင်ပြကြတယ်…
လေ့လာဆည်းပူး
လိုက်ရှာသူများကလည်း တတ်အားသမျှ
ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ နည်းမျိုးစုံထဲ ကြိုစားကြတယ်…
ဟိုနည်း ကောင်းနိုးနိုး၊
ဒီနည်း ကောင်းနိုးနိုး စမ်းသပ်ကြတယ်… အားထုတ်ကြတယ်…
သမထကလည်း သမထ အလျောက် ပြောဆို
ဆွေးနွေးပါမယ်…
ဝိပဿနာကလည်း ဝိပဿနာ အလျောက်
ပြောဆို ဆွေးနွေးပါမယ်…
နှစ်ခုလုံး ဆိုပါကလည်း
နှစ်ခုလုံးအလျောက် ပြောဆို ဆွေးနွေးကြပါမယ်…
အားလုံး ဘုရားဟောတရားချည်းပဲ
ဘာလုပ်လုပ် စေတနာ အဓိကပြဠာန်းပါမယ်…
သိသလောက် လုပ်သလောက်
ရုပ်နာမ်တရားများ ပြတ်သားနားလည်ပြီး တို့ များ သန္တန်မှာ ကိလေသာ မည်၍မည်မျှ
စင်ကြယ်လာသည်ကိုတော့ဖြင့် လေ့လာအားထုတ်ကြသူများ ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်…
ဒီတော့ လိုရင်းကတော့ဖြင့်
သိပါပြီ… လွတ်မြောက်ခြင်း အတွက်သာပဲ ဖြစ်ပါတယ်..
ခက်ခဲလှတဲ့ လူ့ ဘဝရခိုက်
တနည်း လွတ်မြောက်ရာ လွတ်မြောက်ကြောင်းတရားများ ပိုင်ပိုင်မိမိ ဖမ်းဆုပ်နိုင်ခိုက်
…
ဟိုတရား ဟုတ်နိုးနိုး ဒီတရား
ဟုတ်နိုးနိုး ဝိုးတိုးဝါးတား မရေမရာ ဇဝေဇဝါနဲ့ တစ်ခါလာလည်း ဒီနည်း
စမ်းလိုက်…တစ်ခါလာလည်း ဟိုနည်းစမ်းလိုက်…လူရူး၊ နတ်ရူး၊ ဗြဟ္မာရူး
ဖြစ်ခဲ့ပေါင်းများပြီ…
ကိုယ့်ထဲ ရှိနေတဲ့ တရား…
အနီးဆုံးဖြစ်နေတဲ့ တရားကို မမြင်ကျော်ခွပြီး ….
“ငါ” ဆိုတဲ့ အတ္တ
အစုအထုပ်ကြီးပိုက်ကာ မိပစ်ဘပစ်၊ သားပစ်မယားပစ် တောတိုးဂူအောင်း နေမှ ရနိုင်တယ်
သိနိုင်တယ် ဆိုသော ပုဂ္ဂိုလ်များအတွက် … လွန်ပြီးသား လောက ဝတ္တရားများ၌လည်း
မင်္ဂလာတရားတော်နဲ့ အညီ သိရှိနေထိုင်ပါက အောက်မဂ် အောက်ဖိုလ်ကိုမဆိုထားနဲ
့နိဗ္ဗာန်အထိ ပို့ ဆောင်ပေးနိုင်စွမ်းရှိပါတယ်ဆိုတဲ့ ဘုရားဟောလဲ လျှော့ဈေးထဲပါသလိုဖြစ်လျက်
ဥာဏ်အမြင် ဝေးကြသည်သာ….
အိမ်ကြို အိမ်ကြားမှ ထွက်၍
ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်သော အလုပ်သည် ကံစေတနာအရ အားထုတ်ကောင်းသော အမှုကိစ္စ ဖြစ်၍
အားထုတ်နိုင်လျှင်ကား ကိစ္စမရှိ ကောင်းမွန်ပါသည်…. သို့ ရာတွင် ဤသို့ ဤနှယ်
အားထုတ်မှ ရနိုင်မည်ဟူသော အယူအဆကား ကိစ္စ ရှိပေမည်…
အထူးအားဖြင့် ဝိပဿနာဆိုပါလျက်
ဝိပဿနာ အဆင့်ထိ မရောက်ရှိဘဲ သမထ ပညတ်ထဲ၌တင် စွဲထင်ကျန်ရစ်နေသည်ကို
ပြတ်ပြတ်သိသင့်ပါသည်….
ဝိပဿနာကား အချိန်အခါ
နေရာမရွေး ဝန်းကျင်းတစ်ခုလုံး တရားရှု့ဖွယ်ချည်း ဖြစ်ချေပါတော့သည်…
ပွားသည်ပြောပြော၊ ကျင့်သည်ပြောပြော၊ နှလုံးသွင်းသည်ပြောပြော… လိုရင်း
သမ္မသနဥာဏ်ချက်ထိလျှင် စစ်သော တရားအားထုတ်နေသည် ဖြစ်တော့သည်။
(စွန်းလွန်းဆရာတော်
ဘုရားကြီးထံမှ လမ်း၌ ရန်ဖြစ်စကားများနေကြသူများနှင့် ဆုံခိုက် သူတို
့တရားဟောနေကြသည်ဟု မိန့်ဖူးသည်ကို မျှော်ထောက်နိုင်ပါသည်)
အညှာဆန်တက်နေသော လှေကြီး ရွက်မဖြုတ်ဘဲ
အားကုန်ရုန်းနေရသလိုလဲ ဖြစ်တတ်တာ သတိပြုကြရမည်ပါ….
ရလို ရောက်လိုသည်က နိဗ္ဗာန်…
ငါ ဒါနပြုနေတယ်…ငါ သီလ
စောင့်တယ်…ငါ သမထအားထုတ်ပစ်လိုက်တယ် ဆိုတဲ့ သက္ကာယဒိဠိ ရွက်ပြင်ကြီးက တန်းလန်း…
ရွက်မသိမ်းသရွေ့ ခရီးဆက်ဖို့ လမ်း လည်း မမြင်ပါချေကော…
တစ်ခါတစ်ခါ လက်တွေ့ သမားများရဲ့
ကရုဏာသံ ဖြစ်ပါလိမ့်မည်… သူသိသလို သိစေချင်သည့် စေတနာဟုသာ မြင်မိပါတော့သည်…
*အလုပ်လုပ်မှပဲ
ကိစ္စပြီးနိုင်တယ်… ဒီလို တောတိုးမှ …ဒီလိုဂူအောင်းမှ… ငါ့လို ရိပ်သာ ဝင်မှ သိကြမှာ...
ဒီဆရာတော် နည်းလို လုပ်မှ ….
*သိရုံနဲ့ မပြီးဘူး… သီလ အရင် မစင်ကြယ်ရင် မပြီးဘူး…စိတ်
အရင် မစင်ကြယ်ရင် မပြီးဘူး…ဟောတရား နာတရားနဲ့ တရားမရနိုင်ဘူး…
အားလုံး အားလုံး ဒီလိုတွေနဲ
့တုပြိုင် အငြင်းပွား အချိန်ကုန်နေကြ၍ အကျိုးမများလာသည်ကို
ကြပ်ကြပ်သတိပြုကြရပါမယ်…
မည်သူမှ မနက်ဖြန် နင် မသေနိုင်သေးပါ
ဆိုပြီး ဘွဲ့ လက်မှတ် စာတီဖီကိတ် ရထားကြသည်ဟူ၍ မရှိပါ….
ရုပ်နာမ်ဖြစ်ပျက် ဝီထိသဘော
သင်ဖူးကြသူများ ဥပါဒ် ဌီ ဘင် ခဏငယ်သုံးချက်နဲ့  အလွန် လျင်မြန်စွာ
ချုပ်ပျက်ဆင်းရဲနေကြတာကို သိပြီး ဖြစ်ကြပါမယ်…
ယခုလက်ရှိ
ပစ္စုပ္ပန်ခိုက်မှာပင် ဥာဏ်သက်ဝင်ကာ ဆင်ခြင် ပွားများကြပါလော့….
အထက်က စကားပြောအား ထပ်မံ
ရှင်းပါဦးမည်။ ။
*အလုပ်လုပ်မှပဲ ကိစ္စပြီးနိုင်တယ်… ဒီလို
တောတိုးမှ …ဒီလိုဂူအောင်းမှ… ငါ့လို ရိပ်သာ ဝင်မှ သိကြမှာ… ဒီဆရာတော် နည်းလို
လုပ်မှ ….
*သိရုံနဲ့ မပြီးဘူး… သီလ အရင် မစင်ကြယ်ရင်
မပြီးဘူး…စိတ် အရင် မစင်ကြယ်ရင် မပြီးဘူး…ဟောတရား နာတရားနဲ့ တရားမရနိုင်ဘူး…
ပထမ စာကြောင်းက “မှ” ဆိုသည်ရယ်၊ ဒုတိယ စာကြောင်းက “ဘူး” ဆိုသည်ရယ်…
၎င်း အဆို နှစ်ခုလုံးအား ပထမမဂ်က
ပါယ်ပြီး ဖြစ်ပါတယ်…
အကြောင်းမှာကား ထိုစာကြောင်း
အနက်အဓိပ္ပါယ် ၂ ခုစလုံး ပင် အတ္တ မကင်းသောကြောင့် ဖြစ်ပါတယ်…ဃနမကြေသောကြောင့်
ဖြစ်ပါတယ်.....
မဂ်ဥာဏ်ဖိုလ်ဥာဏ် အသာထား၍
ပညတ် ပရမတ်ကိုမျှ ဥာတပရိညာ…ဥာဏ်တွင် ရှင်းရှင်း မပြတ်လင်းသောကြောင့် ထိုထိုသော
အယူအဆများ ထားရှိခြင်းသာ ဖြစ်ပါတယ်….
စေတနာကြောင့်ပင် ဖြစ်စေ၊
ကရုဏာကြောင့်ပင် ဖြစ်စေ ပြောဆို လမ်းပြပေးကြပါသော ဓမ္မမိတ်ဆွေ အားလုံးတို
့ကြပ်ကြပ်ကြီး သတိပြုဖွယ် ဖြစ်ပါတယ်…
အဖြေကား…
အလုပ်လုပ်၊ တောတိုး၊
ဂူအောင်း၊ ရိပ်သာဝင်၊ ဒီဒီ ဟိုဟို ဆရာတော်များ နည်းဖြင့် သူ့ အတိုင်း လိုက်လုပ်၍….
တရားရချင်လည်း ရမည်။ မရချင်လည်း မရမည် ဖြစ်မည်။
ဦးစွာ ပထမ သီလလည်း
မစင်ကြယ်ပါ၊ စိတ်လည်း မစင်ကြယ်သေးပါ၊ သို့ သော် ဟောတရား နာတရားဖြင့် သက္ကာယဒိဠိအား
ပဟာနပရိညာ အဆုံးရှိသော ပရိညာ ၃ ပါးတို့ ဖြင့် အနတ္တကိစ္စပေါက်မြောက်၍ တရားရချင်လည်း ရမည်။ မရချင်လည်း မရမည် ဖြစ်သည်။
ကိုယ်ပိုင် အယူအဆ အတ္တန္နောမထိ
အနေအားဖြင့် ယူဆ ဟောပြောပါက ဓမ္မအား အဓမ္မပြုရာ ရောက်ပေတော့မည်။
အဖဘုရားဟောကြားတော်မူခဲ့သည့်
နိသတ္တ၊ နိဇီဝ…. ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ ဇီဝ မဟုတ်သော အနတ္တအချက်ကို ပိုင်ပိုင်မိမိ
မျှော်ထောက်ကြပါလေ…
ဥာဏ်အိနြေ္ဒအနုအရင့်
ကံစေတနာများ မူလအရင်း ဖြစ်တော့သည်သာ…
စောင့်တည်၊ ဖြည့်ဆည်း၊
လိုက်ရှာ နေသည်ကား သီလ၊ သမာဓိ၊ ပညာ။
ရလိုသည်က မဂ်ဥာဏ်ဖိုလ်ဥာဏ်
နိဗ္ဗာန်….
ထိုကြောင့်ပင် တွင်တွင်
ဆွေးနွေး ပြောဟောနေကြသည်ကလည်း ထိုထိုတရားအစု….
သို့ သော်လည်း ပညတ်၊ ပရမတ်မကြေလျှင်…. ဃနမကြေလျှင်… မည်သည်မည်နှယ်မျှ အနတ္တမပေါက်…
အကြောင်းကား ဆွေးနွေးလိုသည်က ပရမတ္ထ
နိဗ္ဗာန်…. အကြေမလည် မရှင်းမလင်း သံသယ အယူအဆ ဖြစ်နေသည်က ပညတ်မကွဲခြင်း….
မဂ်တားဖိုလ်တား အန္တရယ် ၅
ပါးထဲမှ…. ၄ ပါး လုံးလုံး လွတ်သော်လည်း ဒိဠိကိလေသာတစ်ပါး တွင်တွင်းကြီး
ခံနေကြ၍သာ…. ၎င်းအခက်ဆုံးသော ဒိဠိကိလေသာ ၁ ပါး မခံပါက…. ထို ၅ ပါးလုံးမှ ကင်းလွတ်ပါက
မဂ်ဖိုလ့်နိဗ္ဗာန်အရေးအား ဘုရားတောင် ဆင်း၍ မတားဆီးနိုင်…
အသိနဲ့ အကျင့် တစ်ထပ်တည်းကျခြင်းတည်းဟူသော
ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော်မှာ
မြတ်စွာဘုရားရှင်ရဲ့
ဂုဏ်တော်သာ ဖြစ်တယ်ဆိုတာ သိကြရပါမယ်…အလိုရှိတော်မူသည့်စိတ်အား အစိုးရတော်မူထသော
မြတ်စွာဘုရားဖြစ်သည်…
ကျန်ရှိပါသော မည်သည့်
မည်သည်နှင့်မျှ လားလားမျှ စိုးစဉ်းမျှ မသက်ဆိုင်….
အားကျ ကြည်ညိုရုံမျှသာ
ဖြစ်ပါချေတယ်…
ထိုသို့ မဟုတ် စိတ်ကြီးဝင်ကာ…. သိရုံနဲ့ မပြီးဘူးဟ…
သိသလောက်ရော ကျင့်ကြလို့ လား … ထိုထို တွေးဆကြံယူလျက် အတ္တန္နောမထိ အနေအားဖြင့်
မေးသည့် မေးခွန်းများ သတိပြုဖွယ် ဖြစ်ပါတယ်…
အသိနှင့်အကျင့် လက်တွေ့ 
တထပ်တည်း ကျမကျ အမှန်တကယ် လုပ်ယူ အားထုတ်ဖူးသူများ သိပါလိမ့်မည်….
တရားဂုဏ်သတ္တိများကြောင့် အလိုအလျောက် လာ၍တည်ပါသော အရိယာသီလအား
ထောက်ရှ့ မျှော်ကြပါကုန်။
ကိလေသာအပေါင်းအား ဝါသနာနှင့်တကွ ပါယ်သတ်ပါသော မြတ်လှစွာသော အဖဘုရား ဂုဏ်တော်များကိုသာ ဦးခိုက်ကြည်ညိုကြလျက် ဘုရားသား၊ ဘုရားသမီး အကြုံးဝင်ရေး တတ်အားသမျှ သူတော်ကောင်းတရား မှီဝဲကြကုန်ရာ ဖြစ်၏။
သူ့ အဝိဇ္ဇာထက် ငါ့ အဝိဇ္ဇာ
မကြီးဖို့ အရေး လေ့လာစရာ လေ့လာ၊ သင်ယူစရာ သင်ယူ၊ ပွားများစရာရှိ
ပွားများကြပါကုန်။ ။
ဣဒံ
မေ ပုညံ အာသဝက္ခယာဝဟံ ဟောတု။



